Champion (2025)pmk(7.4)
၁၉၄၀ ပြည့်လွန်နှစ်ကာလ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရခါနီးအချိန် ဟိုက်ဒရာဘတ် (Hyderabad)
ပြည်နယ်ဟာ နီဇမ် (Nizam) မင်းဆက်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေပြီး ပြည်သူတွေဟာ ဖိနှိပ်ချုပ်
ချယ်မှုတွေ ခံနေရပါတယ်။
ဇာတ်လိုက်ဖြစ်သူ မိုက်ကယ် ဝီလျံ (Michael Williams) ဟာ ဘောလုံးကစားတာကို အရူးအမူး
ဝါသနာပါပြီး သူ့ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က အင်္ဂလန်နိုင်ငံ Manchester ကလပ်မှာ
သွားရောက်ကစားဖို့ ဖြစ်ပါတယ်။
မိုက်ကယ်ဟာ လန်ဒန်သွားဖို့ လိုအပ်တဲ့ ငွေကြေးအတွက်
နည်းလမ်းမျိုးစုံ ရှာဖွေနေသူပါ။
တစ်နေ့မှာတော့ ငွေအမြောက်အမြားရမယ့် အလုပ်တစ်ခုအဖြစ် "ဗိုင်ရန်ပယ်လီ (Bhairanpally)"
ဆိုတဲ့ ရွာလေးကို ပစ္စည်းတစ်ခု ပို့ဆောင်ပေးရမယ့် အလုပ်ကို လက်ခံလိုက်ပါတယ်။
ဒါပေမဲ့ သူ
မသိလိုက်တာက အဲဒီပစ္စည်းဟာ နီဇမ်ရဲ့ ရက်စက်လှတဲ့ Razakar(ရာဇာကားစ်)တပ်ဖွဲ့တွေကို
တော်လှန်မယ့် လက်နက်တွေ ဖြစ်နေတာပါပဲ။
ရွာကိုရောက်တဲ့အခါမှာတော့ မိုက်ကယ်ဟာ သူ့ရဲ့
အိပ်မက်ထက် ပိုအရေးကြီးတဲ့ အမှန်တရားနဲ့ ရင်ဆိုင်ရပါတော့တယ်.....
#Credit
ချန်နယ်အရင်ဝင်ပါ 👇👇
https://t.me/+YtafTK6-_9c1OTBlဇာတ်ကားကြည့်ရန် 👇👇
https://t.me/c